ကမ္ဘာ့ကစ္စဆိုဝါရီငှက်များနေ့ (World Cassowary Day)

🪶 ကမ္ဘာ့ကစ္စဆိုဝါရီငှက်များနေ့ (World Cassowary Day) 🪶   🪶 ကစ္စဆိုဝါရီ (Cassowary) ဆိုတာအရွယ်အစားကြီးမားပြီး အရောင်အသွေးတောက်ပကာ ဒိုင်နိုဆောခြေထောက်ကဲ့သို့သန်မာလှသည့် ခြေထောက်များရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်၊   🪶 ခန္ဓာကိုယ်မှာ တောက်ပသော အနက်ရောင်အမွေးများရှိပြီး ဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိပါတယ်၊ လည်ပင်းဟာခရမ်းရောင် (သို့) အပြာရောင်ရှိပြီး ရှည်လျား၍ တွဲလောင်း ကျနေသော အနီရောင်အရေပြားချပ် (Red wattles) ပါရှိပါတယ်၊ ခြေထောက်တွင် ခြေချောင်း (၃) ချောင်းသာပါကာ ခြေချောင်းများတွင် ရှည်လျှားသော ခြေသဲချွန်များပါရှိပါတယ်၊   🪶 အမများက ဥဥ၊ အထီးတွေကဥဝပ်ပြီး ၊ ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ပြီး အစာ ရှာဖွေနိုင်သည့်အထိ အထီးများ ကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ ရှိကြပါတယ်၊ […]

World Cleanup Day

🌎 ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” 🫧 🌎 နှစ်စဉ် စက်တင်ဘာလရဲ့ တတိယမြောက် 🗓️ စနေနေ့ဟာ ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် 🧹 စုပေါင်းအမှိုက်ကောက်ခြင်း၊ အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်ခြင်း စတဲ့ သန့်ရှင်းရေးလှုပ်ရှားမှုတွေကို စည်စည်ကားကား ပြုလုပ်ကြပါတယ်၊ 🌎 ရပ်ကွက်၊ မြို့ရွာများတင်မကပင်လယ်ကမ်းခြေ၊ မြစ်ချောင်း၊ တောတောင်များအထိ အမှိုက်များရှင်းလင်းပြီး သန့်ရှင်းစေရန်နှင့် ကမ္ဘာမြေသန့်ရှင်းရေးဟာ လူသားများအတွက်အလွန်အရေးကြီးကြောင်း အချင်းချင်းအသိပညာမျှ‌ဝေကြဖို့လိုအပ်ပါတယ်၊ 🌎 ကမ္ဘာမြေကြီး သန့်ရှင်းကျန်းမာစေဖို့ ကမ္ဘာ့သန့်ရှင်းရေးနေ့မှာ မိမိကိုယ်တိုင်ကစပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊🤗

World Rhino Day

🦏 ကမ္ဘာ့ကြံ့ထိန်းသိမ်းရေးနေ့ 🦏 (World Rhino Day) 🦏 ကြံ့များဟာ ကမ္ဘာပေါ်ရှိ ကုန်းနေနို့တိုက်သတ္တဝါများအနက် ဆင်ပြီးလျှင် ဒုတိယခန္ဓာကိုယ်အကြီးမားဆုံးသတ္တဝါများဖြစ်ကြပြီး ကမ္ဘာပေါ်တွင် ကြံ့မျိုးစိတ်ပေါင်း (၅) မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါတယ်၊ 🦏 ကြီးမားသောနို့တိုက်သတ္တဝါများဖြစ်ကြသည့်အတွက် ကြံ့များကို အန္တရာယ်ပြု ခြိမ်းခြောက်နိုင်သည့် လူသားများမှလွဲ၍ သဘာဝတွင် ကြံ့များကို သတ်ဖြတ်နိုင်သည့် သားရဲများမရှိကြပါ၊ 🦏 နေ့စဉ် ကြံ့ကောင်ရေ (၃) ကောင်ခန့်သည် ဦးချိုအတွက် အမဲလိုက်ခြင်းကို ခံနေရပြီး မုဆိုးအများစုသည် သတ္တဝါများ၏ နာကျင်ကိုက်ခဲမှုကို မြင်နိုင်ရန် လောဘမျက်လုံးကွယ်နေသောကြောင့် ခေတ်မီဆန်းသစ်သော လက်နက်များကို ကိုင်ဆောင်၍ မေ့ဆေးသေနတ်များကို အသုံးပြုကာ ကြံ့များကို လူမဆန်စွာ သတ်ဖြတ်ပြီး ၎င်းတို့၏ဦးချိုများကို ဖြတ်ယူနေကြပါတယ်၊ 🦏 ကြံ့ချိုကို အရိုးလို့ ယူဆကြသော်လည်း […]

International Vulture Awareness Day

အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့ (International Vulture Awareness Day) ကမ္ဘာပေါ်တွင် ကမ္ဘာဟောင်းလင်းတနှင့် ကမ္ဘာသစ်လင်းတဟူ၍ နှစ်မျိုးခွဲခြားထားပြီး စုစုပေါင်း လင်းတမျိုးစိတ် (၂၃) မျိုးရှင်သန်ပေါက်ဖွားနေထိုင်ပါတယ်၊မြန်မာနိုင်ငံမှာတွေ့ရသော လင်းတ(၆)မျိုးမှာ လင်းတနှုတ်သီးရှည်၊ လင်းတကျောဖြူ၊ လင်းတခေါင်းနီ၊ ဟိမဝန္တာလင်းတ၊ လင်းတဖြူနှင့် လင်းတမဲတို့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ လင်းတများကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်တို့တွင် တွေ့ရှိရသော်လည်း အကောင်ရေ တဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီး ၊ယခုအခါ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်သာ တွေ့ရှိရပါတော့တယ်၊ လင်းတများဟာ ပတ်ဝန်းကျင်ရှိ အသေကောင်များနှင့် အခြားသော အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်းဖြင့် အရေးကြီးသော ဂေဟစနစ်ဝန်ဆောင်မှုများကို ပေးနေသည့် ငှက်များလည်းဖြစ်ကြပါတယ်၊ သဘာဝတရားကြီးကိုလည်း အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသူများ ‘Nature’s Clean-Up Crew’ ဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်၊ […]

World Elephant Day

ကမ္ဘာ့ဆင်များနေ့ 🐘 (World Elephant Day, 12 August) 🐘 ဆင်များဟာ ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်းနေနို့တိုက်သတ္တဝါဖြစ်ပြီး ကြီးမားလှသည့် ခန္ဓာကိုယ်၊ ကြီးမားကျယ်ပြန့်သည့် နားရွက်များနှင့် ရှည်လျားသွယ်တန်းသော နှာမောင်းရှိကာ သူမတူကွဲပြားနေသည့် သတ္တဝါများဖြစ်ကြပါတယ်၊ 🐘 ကြီးမားလှသည့် နှာမောင်းများဟာ အစာများကို ဆွဲယူစားသောက်နိုင်ခြင်း၊ ရေကိုစုပ်ယူ၍သောက်နိုင်ခြင်းနှင့် ပက်ဖြန်းနိုင်ခြင်းတို့တွင် အသုံးပြုပြီး ၊အစွယ်များသည် အပေါ်ရှေ့အံသွားများမှ ရှည်ထွက်လာခြင်းဖြစ်ကာ အရာဝတ္ထုများကို ရွှေ့ရန်နှင့် တူးဆွရန်အတွက် အသုံးပြုလေ့ရှိကြပါတယ်၊ 🐘 ဆင်များနှင့် လူသားများဟာ လူ့ယဉ်ကျေးမှုသမိုင်းတစ်လျောက်မှာ ရှည်လျားစွာ အတူတကွ ဒွန်တွဲနေထိုင်လာခဲ့ပြီး မျက်မှောက်ခေတ်တွင်လည်း ဆက်လက်၍ အတူတကွ အကျိုးပြုနေထိုင်လျက်ရှိပါတယ်၊ 🐘 ဆင်များဟာ ဥာဏ်ရည်မြင့်မားပြီး အသိဉာဏ်ရှိကာအမိန့်နာခံတတ်သည့် သတ္တဝါလည်း ဖြစ်ကြပါတယ်၊ 🐘 အသီးအရွက်စားသတ္တဝါများဖြစ်ကြပြီး တစ်နေ့လျှင် (၁၈) […]

World Lion Day

ကမ္ဘာ့ခြင်္သေ့များနေ့ 🦁 (World Lion Day ) August 10🗓️ 🦁 ခြင်္သေ့များဟာ ကမ္ဘာပေါ်မှာ ထူးခြားပြီးအထင်ရှားဆုံးသော မျိုးစိတ်ဖြစ်ကာ ကမ္ဘာ့တိုက်ကြီးများနှင့် ယဉ်ကျေးမှု ထောင်ပေါင်းများစွာတို့တွင် ခြင်္သေ့များကို ကြီးကျယ်ခမ်းနားလှသော ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် အမဲလိုက်သားရဲတိရိစ္ဆာန်များအနေဖြင့် လူသားတို့အား စွဲဆောင်မှုပြုနေသည်ကို တွေ့ရှိနိုင်ပါတယ်၊ 🦁 ခြင်္သေ့များနေထိုင်ရာ သဘာဝနေရင်းဒေသများဖြစ်တဲ့ အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့မှာ တိတ်တဆိတ် မျိုးသုဉ်းမည့်အန္တရာယ်ကို တဖြည်းဖြည်းကျရောက်လို့လာနေပြီး အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာမှာ နေရင်းဒေသများ ဆုံးရှုံးလာခြင်းနှင့် အလွန်အကျွံ အမဲလိုက်ခံရခြင်းတို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း (၅၀) အတွင်း ကမ္ဘာ့ခြင်္သေ့ဦးရေ၏ (၉၅) ရာခိုင်နှုန်းခန့် ဆုံးရှုံးပျောက်ကွယ်ခဲ့ရပြီဖြစ်ပါတယ်၊ 🦁 ခြင်္သေ့များဟာ အသားစားအမဲလိုက်မုဆိုးများ ဖြစ်တဲ့အတွက် အသီးအရွက်နှင့်မြက်ကိုစားသော သတ္တဝါများ၏ အကောင်အရေအတွက်ကို ထိန်းညှိပေးနိုင်သည့်အပြင် ၊ အားနည်းသော […]