ကမ္ဘာ့ခြင်္သေ့များနေ့ 🦁
(World Lion Day ) August 10🗓️
🦁 ခြင်္သေ့များဟာ ကမ္ဘာပေါ်မှာ ထူးခြားပြီးအထင်ရှားဆုံးသော မျိုးစိတ်ဖြစ်ကာ ကမ္ဘာ့တိုက်ကြီးများနှင့် ယဉ်ကျေးမှု ထောင်ပေါင်းများစွာတို့တွင် ခြင်္သေ့များကို ကြီးကျယ်ခမ်းနားလှသော ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့် အမဲလိုက်သားရဲတိရိစ္ဆာန်များအနေဖြင့် လူသားတို့အား စွဲဆောင်မှုပြုနေသည်ကို တွေ့ရှိနိုင်ပါတယ်၊

🦁 ခြင်္သေ့များနေထိုင်ရာ သဘာဝနေရင်းဒေသများဖြစ်တဲ့ အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့မှာ တိတ်တဆိတ် မျိုးသုဉ်းမည့်အန္တရာယ်ကို တဖြည်းဖြည်းကျရောက်လို့လာနေပြီး အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာမှာ နေရင်းဒေသများ ဆုံးရှုံးလာခြင်းနှင့် အလွန်အကျွံ အမဲလိုက်ခံရခြင်းတို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း (၅၀) အတွင်း ကမ္ဘာ့ခြင်္သေ့ဦးရေ၏ (၉၅) ရာခိုင်နှုန်းခန့် ဆုံးရှုံးပျောက်ကွယ်ခဲ့ရပြီဖြစ်ပါတယ်၊

🦁 ခြင်္သေ့များဟာ အသားစားအမဲလိုက်မုဆိုးများ ဖြစ်တဲ့အတွက် အသီးအရွက်နှင့်မြက်ကိုစားသော သတ္တဝါများ၏ အကောင်အရေအတွက်ကို ထိန်းညှိပေးနိုင်သည့်အပြင် ၊ အားနည်းသော သားကောင်များကို ပစ်မှတ်ထားအမဲလိုက်တဲ့အတွက် သားကောင်များ၏ ဦးရေထိန်းညှိမှုနှင့် ရောဂါပျံ့ ပွားရေးထိန်းချုပ်မှုကိုလည်း သွယ်ဝိုက်သောနည်းအားဖြင့် ကူညီပေးရာရောက်ပါတယ်၊

🦁 သဘာဝတောတွင်း ခြင်္သေ့များ ခံစားရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများကိုသိရှိစေရန်၊ အမျိုးသားဥယျာဉ်များ တည်ထောင်ခြင်းနှင့် လူများအခြေချနေထိုင်သည့် ဧရိယာများကို ကန့်သတ်၍ ခြင်္သေ့များ၏ သဘာဝနေရင်းဒေသကို ထိန်းသိမ်းရေး အစီအမံများကို အကောင်အထည်ဖော်ဆောင်ရန်နှင့် ၊

🦁 ခြင်္သေ့များ၏ နေရင်းဒေသအနီး အခြေချနေထိုင်သူများအား ခြင်္သေ့များနှင့် အတူတကွယှဥ်တွဲနေထိုင်နိုင်စေရန်အတွက် ပညာပေးရန် နှစ်စဉ် ဩဂုတ်လ ၁၀ ရက်နေ့ကို ကမ္ဘာ့ခြင်္သေ့များနေ့ အဖြစ် နိုင်ငံတကာမှာ သတ်မှတ်ကျင်းပကြခြင်းဖြစ်ပါတယ်။
တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) မှာလည်းထူးခြားပြီးရှားပါးတဲ့ 🦜🐦 ကျေးဌက် များ🐯🦓🐻 တိရစ္ဆာန်များကို အများပြည်သူများကြည့်ရှုလေ့လာနိုင်စေရန်အတွက် ပြသထားရှိတာမို့ လာရောက်လေ့လာ အပန်းဖြေအနားယူ လည်ပတ်ကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။