ကမ္ဘာ့ဆင်များနေ့ 🐘
(World Elephant Day, 12 August)

🐘 ဆင်များဟာ ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်းနေနို့တိုက်သတ္တဝါဖြစ်ပြီး ကြီးမားလှသည့် ခန္ဓာကိုယ်၊ ကြီးမားကျယ်ပြန့်သည့် နားရွက်များနှင့် ရှည်လျားသွယ်တန်းသော နှာမောင်းရှိကာ သူမတူကွဲပြားနေသည့် သတ္တဝါများဖြစ်ကြပါတယ်၊

🐘 ကြီးမားလှသည့် နှာမောင်းများဟာ အစာများကို ဆွဲယူစားသောက်နိုင်ခြင်း၊ ရေကိုစုပ်ယူ၍သောက်နိုင်ခြင်းနှင့် ပက်ဖြန်းနိုင်ခြင်းတို့တွင် အသုံးပြုပြီး ၊အစွယ်များသည် အပေါ်ရှေ့အံသွားများမှ ရှည်ထွက်လာခြင်းဖြစ်ကာ အရာဝတ္ထုများကို ရွှေ့ရန်နှင့် တူးဆွရန်အတွက် အသုံးပြုလေ့ရှိကြပါတယ်၊

🐘 ဆင်များနှင့် လူသားများဟာ လူ့ယဉ်ကျေးမှုသမိုင်းတစ်လျောက်မှာ ရှည်လျားစွာ အတူတကွ ဒွန်တွဲနေထိုင်လာခဲ့ပြီး မျက်မှောက်ခေတ်တွင်လည်း ဆက်လက်၍ အတူတကွ အကျိုးပြုနေထိုင်လျက်ရှိပါတယ်၊

🐘 ဆင်များဟာ ဥာဏ်ရည်မြင့်မားပြီး အသိဉာဏ်ရှိကာအမိန့်နာခံတတ်သည့် သတ္တဝါလည်း ဖြစ်ကြပါတယ်၊

🐘 အသီးအရွက်စားသတ္တဝါများဖြစ်ကြပြီး တစ်နေ့လျှင် (၁၈) နာရီကြာ အစာစားခြင်းဖြင့် အချိန်ကုန်လေ့ရှိကြကာ ၊မြက်များ၊ အမြစ်၊ အသီး၊ အရွက်၊ အခေါက်များကိုသာ အဓိကစားသုံးလေ့ရှိကြပါတယ်၊

🐘 လူသားများဟာ ဆင်စွယ်များကိုရယူလိုတဲ့အတွက် တရားမဝင် အလွန်အကျွံအမဲလိုက် သတ်ဖြတ်ခံနေရခြင်း၊ ဆင်များကျက်စားရာ နေရာများအား လူတို့မှ ကျူးကျော်အခြေချနေထိုင်လာခြင်းနှင့် စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်းတို့ကြောင့် နေရင်းဒေသများဆုံးရှုံးလာရသည့် အခြေအနေများကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်၊

🐘 သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် လူသားတို့အတွက် အရေးပါလှသည့် ဆင်များအား ထိန်းသိမ်းကာကွယ်စောင့်ကြရန်၊

🐘 ဆင်များ၏ နေရင်းဒေသများအား ထိန်းသိမ်းရန်၊ အလွန်အကျွံအမဲလိုက်သတ်ဖြတ်ဖမ်းဆီးနေခြင်း၊ တရားမဝင် အရိုး၊ အသား၊ အရေခွံတို့နှင့် ဆင်စွယ်တို့အားရောင်းဝယ်ခြင်းမပြုကြစေရန်ရည်ရွယ်၍ နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့အဖြစ် သတ်မှတ်ကာ

🐘 “ဆင်များကိုကူညီရန် ကမ္ဘာကြီးကိုပေါင်းစည်းပါ” “Bringing the world together to help elephants” ဟူသည့် ဆောင်ပုဒ်ဖြင့် ကမ္ဘာနှင့်အဝှမ်း ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည်။