လာပါတူတူဆင်နွှဲဖို့ မိုမို့မွေးနေ့မှာဆုံကြစို့

“လာပါတူတူဆင်နွှဲဖို့ မိုမို့မွေးနေ့မှာဆုံကြစို့” 🐘🐘🐘ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုရဲ့ မွေးနေ့ပွဲ ကျင်းပချိန် ရောက်ရှိလို့လာပါပြီ။ 🎂🥳🎉 အောက်တိုဘာလ (၂၈) ရက် မှ (၃၀) ရက်နေ့အထိ Mo Mo’s Birthday Party ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းမှာ ဖျော်ဖြေရေးအစီအစဉ်များနဲ့ စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ Mo Mo’s Birthday Party ပွဲအတွက် Nom Nom မှ Partner အနေနဲ့ ပါဝင်အားဖြည့်ပြီး Vidya , M Channel , YTV နှင့် Yangon Thar Vlog တို့မှ Media အနေနဲ့ ပါဝင်ကူညီထားပါတယ်။ 🎂မိုမို့အတွက် မွေးနေ့ကိတ်ခွဲခြင်း 🐘မိုမိုနဲ့အတူ […]
တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်သည့်နေ့

“တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်သည့်နေ့” (Reptile Awareness Day) နှစ်စဉ် အောက်တိုဘာလ (၂၁) ရက်ကို တွားသွားသတ္တဝါများထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် တန်ဖိုးထားလေးစားမှုမြှင့်တင်သည့်နေ့ဖြစ်ပြီး တွားသွားသတ္တဝါများ၏အကြောင်းကို အသိပညာပေးသည့်နေ့ ဖြစ်ပါတယ်။ ပညာပေးဟောပြောရေး ကြိုးပမ်းမှုများမှတစ်ဆင့် ဤစိတ်ဝင်စားဖွယ်ကောင်းသော တွားသွားသတ္တဝါများအကြောင်း၊ အမှန်တရားနှင့် နားလည်မှုကို ပြန့်ပွားစေနိုင်ပါတယ်။ တွားသွားသတ္တဝါများ “Reptiles” ဟူသောဝေါဟာရသည် လက်တင်ဘာသာစကား “Repton”မှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ “Creep” တွားသွားခြင်းဟူသော ရွေ့လျားမှုပုံသဏ္ဍာန်ကိုကြည့်၍ အမည်ပေးထားခြင်းဖြစ်ပါတယ်။ ထို့ကြောင့် မျိုးပေါင်း (Class-Reptilia) တွင်ပါဝင်သော သတ္တဝါများကို တွားသွားသတ္တဝါများ “Reptiles” ဟုခေါ်ပါတယ်။ တွားသွားသတ္တဝါများသည် ကမ္ဘာ့ကုန်းမြေပေါ်တွင် လုံးလုံးလျားလျား အောင်မြင်စွာ နေထိုင်ကျက်စားနိုင်သော ပထမဦးဆုံး ကျောရိုးရှိသတ္တဝါများ ဖြစ်ကြပါတယ်။ တွားသွားသတ္တဝါမျိုးပေါင်းတွင် မိကျောင်း (Crocodile and Alligator) ၊ လိပ် […]
ရွှေဝါရောင်ကြက်တူရွေး (Sun Conure)

ရွှေဝါရောင်ကြက်တူရွေး (Sun Conure) မြန်မာအမည်-ရွှေဝါရောင်ကြက်တူရွေး အင်္ဂလိပ်အမည်-Sun Conure သိပ္ပံအမည်-Aratinga solstitialis သက်ရှိပေါင်းများစွာသည် ကမ္ဘာမြေကြီး၏ ရေ ၊ လေ နှင့် မြေတို့တွင် အသီးသီး ရှင်သန်ကျက်စားနေလျက် ရှိကြပါတယ်။ ကမ္ဘာမြေကြီးအထက် ကောင်းကင်ယံတွင် ပျံဝဲ ရှင်သန်လျက်ရှိသည့် ငှက်မျိုးစိတ်ပေါင်း ၁၁,၀၀၀ ခန့်ထဲမှ ချစ်စဖွယ်ကောင်းသည့် ငှက်မျိုးစိတ်တစ်မျိုးမှာ ရွှေဝါရောင်ကြက်တူရွေးများ ဖြစ်ကြပါတယ်။ ရွှေဝါရောင်ကြက်တူရွေးများသည် ကြက်တူရွေးမျိုးစိတ်ဝင် တစ်မျိုးဖြစ်ပြီး တောင်အမေရိကတိုက်တွင် အဓိကရှင်သန်ကျက်စားကြပါတယ်။၎င်းတို့၏ ခန္ဓာကိုယ်အတိုင်းအတာသည် နှုတ်သီးဖျားမှ အမြီးထိပ်ဖျားပိုင်းအထိ အရှည် ၁၂လက်မခန့်ရှိပါတယ်။ ရွှေဝါရောင်ကြက်တူရွေးများတွင် အထီးနှင့် အမတို့မှာ အရွယ်အစား တူတူပင်ဖြစ်ကြပါတယ်။ သို့သော် တစ်ခါတစ်ရံတွင် ရွှေဝါရောင်ကြက်တူရွေးအထီးများမှာ အမများထက် အရောင်အသွေး ပိုမိုတောက်ပနေသည်ကို တွေ့ရှိရပါတယ်။ ၁၀၀ ဂရမ် မှ ၁၅၀ […]
ဆောင်းခိုငှက် သို့မဟုတ် ရွှေ့ပြောင်းငှက် ဆိုသည်မှာ…..

“ဆောင်းခိုငှက် သို့မဟုတ် ရွှေ့ပြောင်းငှက် ဆိုသည်မှာ…..” 🇲🇲မြန်မာနိုင်ငံတွင် အမြဲကျက်စားနေထိုင်ခြင်းမရှိဘဲ အခြားနိုင်ငံများမှ ဆောင်းတွင်းအခါမှသာ မြန်မာနိုင်ငံသို့ လာရောက်ရွှေ့ပြောင်းကျက်စားသော ငှက်မျိုးစိတ်များဖြစ်ပါတယ်။🦆 ❄️ဆောင်းခိုခြင်း (သို့မဟုတ်) ရာသီအလိုက်ပြောင်းရွှေ့ကျက်စားရခြင်း အကြောင်းအရင်းမှာ ကမ္ဘာ့မြောက်ခြမ်းဒေသများတွင် ပေါက်ဖွား ကျက်စားသောငှက်များသည် ဆောင်းရာသီရောက်သောအခါ အအေးဓာတ်လွန်ကဲခြင်းနှင့် အစာရေစာရှားပါးခြင်းကြောင့် ပိုမိုပူနွေးပြီး အစာရေစာပေါများသော ကမ္ဘာ့တောင်ခြမ်းဒေသများသို့ ၎င်းတို့၏ ပျံသန်းရာ လမ်းကြောင်းအတိုင်း နှစ်စဉ်ပုံမှန် ပျံသန်းကျက်စားကြပါတယ်။🦅 🦩ဆောင်းခိုငှက်များကို လေ့လာချင်ပါက တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) သို့ လာရောက်ကြည့်ရှုနိုင်ပြီး အခြားဆန်းပြားလှပတဲ့ ငှက်မျိုးစိတ်များသာမက ရှားပါးထူးဆန်းတဲ့ တောရိုင်းတိရစ္ဆာန်များကိုလည်း ပြသထားတာကြောင့် လာရောက်လေ့လာ အပန်းဖြေလည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🤗
ဘာဘရီသိုး (BARBARY SHEEP)

ဘာဘရီသိုး (BARBARY SHEEP) မြန်မာအမည်- ဘာဘရီသိုး အင်္ဂလိပ်အမည်- BARBARY SHEEP သိပ္ပံအမည်- Ammotragus Lervia 🐐🐐🐐ဘာဘရီသိုးများဟာ အရွယ်အစားကြီးမားသော သိုးအကြီးစားများ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အညိုရောင်အမွေးများဖြင့် ဖုံးအုပ်ထားပါတယ်။ သို့သော်လည်း မေးစေ့၊ လည်တိုင်တစ်လျှောက်၊ ရင်ဘတ်နှင့် ရှေ့ခြေချောင်းများ၏ အတွင်းဘက်တွင် အဖြူရောင်အမွေးရှည်များဖြင့် ဖုံးအုပ်ထားပါသည်။ အဖြူရောင်အမွေးရှည်များကို ရင်ဘတ်မွေးဟုလည်းခေါ်ပါသည်။ အထီး/အမခွဲခြားရန် အလွန်လွယ်ကူပြီး အထီးများမှာ အမများထက် ခန္ဓာကိုယ်အရွယ်အစား ပိုကြီးပါတယ်။ အထီးရော အမပါ ဦးချို(ဂျို)များပါရှိပြီး ဦးချို(ဂျို)များမှာ နောက်ဘက်သို့ ကွေးပြီး ဂုတ်ပေါ်သို့ ပြန်လည်ကွေးညွှတ်နေပါသည်။ အမများ၏ဦးချိုများမှာ သေးငယ်သော်လည်း အထီးများကဲ့သို့ပင် ပါရှိပါသည်။ အထီးများ၏ဦးချိုသည် အမများ၏ ဦးချိုထက် ပိုမိုတုတ်ခိုင်ပါတယ်။ ရှည်လျားသော လည်ဆံမွေးများသည် လည်ပင်း၊ ရင်ဘတ်နှင့် ရှေ့ခြေထောက်များ၏ […]
အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day)

အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day) 🦁 တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ပေးနေသူများကို တိရစ္ဆာန်ထိန်းများ ဟုခေါ်ဆိုပါတယ်။ 🐻 တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများသည် တိရစ္ဆာန်များကို အဓိကတာဝန်ယူစောင့်ရှောက်ပေးနေသူများဖြစ်ပြီး တိရစ္ဆာန်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန်အတွက်သာမက တိရစ္ဆာန်ဥယျာဉ်များ၏ ရည်ရွယ်ချက်များဖြစ်သည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် အဓိက အထောက်အကူပြုပေးနေသူများလည်း ဖြစ်ကြပါတယ် 🐯 တိရစ္ဆာန်ထိန်းများ၏ ဝါသနာ၊ အနစ်နာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့ဟာတိရစ္ဆာန်ဥယျာဉ်များ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရေးတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်ပေးနေရသောသူများ ဖြစ်ကြပါတယ်၊ 🐘ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များတွင် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော တိရစ္ဆာန်ထိန်း (Zoo Keepers) များကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တိုဘာလ (၄) […]
ကမ္ဘာ့ကစ္စဆိုဝါရီငှက်များနေ့ (World Cassowary Day)

🪶 ကမ္ဘာ့ကစ္စဆိုဝါရီငှက်များနေ့ (World Cassowary Day) 🪶 🪶 ကစ္စဆိုဝါရီ (Cassowary) ဆိုတာအရွယ်အစားကြီးမားပြီး အရောင်အသွေးတောက်ပကာ ဒိုင်နိုဆောခြေထောက်ကဲ့သို့သန်မာလှသည့် ခြေထောက်များရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်၊ 🪶 ခန္ဓာကိုယ်မှာ တောက်ပသော အနက်ရောင်အမွေးများရှိပြီး ဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိပါတယ်၊ လည်ပင်းဟာခရမ်းရောင် (သို့) အပြာရောင်ရှိပြီး ရှည်လျား၍ တွဲလောင်း ကျနေသော အနီရောင်အရေပြားချပ် (Red wattles) ပါရှိပါတယ်၊ ခြေထောက်တွင် ခြေချောင်း (၃) ချောင်းသာပါကာ ခြေချောင်းများတွင် ရှည်လျှားသော ခြေသဲချွန်များပါရှိပါတယ်၊ 🪶 အမများက ဥဥ၊ အထီးတွေကဥဝပ်ပြီး ၊ ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ပြီး အစာ ရှာဖွေနိုင်သည့်အထိ အထီးများ ကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ ရှိကြပါတယ်၊ […]
World Cleanup Day

🌎 ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” 🫧 🌎 နှစ်စဉ် စက်တင်ဘာလရဲ့ တတိယမြောက် 🗓️ စနေနေ့ဟာ ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် 🧹 စုပေါင်းအမှိုက်ကောက်ခြင်း၊ အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်ခြင်း စတဲ့ သန့်ရှင်းရေးလှုပ်ရှားမှုတွေကို စည်စည်ကားကား ပြုလုပ်ကြပါတယ်၊ 🌎 ရပ်ကွက်၊ မြို့ရွာများတင်မကပင်လယ်ကမ်းခြေ၊ မြစ်ချောင်း၊ တောတောင်များအထိ အမှိုက်များရှင်းလင်းပြီး သန့်ရှင်းစေရန်နှင့် ကမ္ဘာမြေသန့်ရှင်းရေးဟာ လူသားများအတွက်အလွန်အရေးကြီးကြောင်း အချင်းချင်းအသိပညာမျှဝေကြဖို့လိုအပ်ပါတယ်၊ 🌎 ကမ္ဘာမြေကြီး သန့်ရှင်းကျန်းမာစေဖို့ ကမ္ဘာ့သန့်ရှင်းရေးနေ့မှာ မိမိကိုယ်တိုင်ကစပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊🤗
World Rhino Day

🦏 ကမ္ဘာ့ကြံ့ထိန်းသိမ်းရေးနေ့ 🦏 (World Rhino Day) 🦏 ကြံ့များဟာ ကမ္ဘာပေါ်ရှိ ကုန်းနေနို့တိုက်သတ္တဝါများအနက် ဆင်ပြီးလျှင် ဒုတိယခန္ဓာကိုယ်အကြီးမားဆုံးသတ္တဝါများဖြစ်ကြပြီး ကမ္ဘာပေါ်တွင် ကြံ့မျိုးစိတ်ပေါင်း (၅) မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါတယ်၊ 🦏 ကြီးမားသောနို့တိုက်သတ္တဝါများဖြစ်ကြသည့်အတွက် ကြံ့များကို အန္တရာယ်ပြု ခြိမ်းခြောက်နိုင်သည့် လူသားများမှလွဲ၍ သဘာဝတွင် ကြံ့များကို သတ်ဖြတ်နိုင်သည့် သားရဲများမရှိကြပါ၊ 🦏 နေ့စဉ် ကြံ့ကောင်ရေ (၃) ကောင်ခန့်သည် ဦးချိုအတွက် အမဲလိုက်ခြင်းကို ခံနေရပြီး မုဆိုးအများစုသည် သတ္တဝါများ၏ နာကျင်ကိုက်ခဲမှုကို မြင်နိုင်ရန် လောဘမျက်လုံးကွယ်နေသောကြောင့် ခေတ်မီဆန်းသစ်သော လက်နက်များကို ကိုင်ဆောင်၍ မေ့ဆေးသေနတ်များကို အသုံးပြုကာ ကြံ့များကို လူမဆန်စွာ သတ်ဖြတ်ပြီး ၎င်းတို့၏ဦးချိုများကို ဖြတ်ယူနေကြပါတယ်၊ 🦏 ကြံ့ချိုကို အရိုးလို့ ယူဆကြသော်လည်း […]
International Vulture Awareness Day

အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့ (International Vulture Awareness Day) ကမ္ဘာပေါ်တွင် ကမ္ဘာဟောင်းလင်းတနှင့် ကမ္ဘာသစ်လင်းတဟူ၍ နှစ်မျိုးခွဲခြားထားပြီး စုစုပေါင်း လင်းတမျိုးစိတ် (၂၃) မျိုးရှင်သန်ပေါက်ဖွားနေထိုင်ပါတယ်၊မြန်မာနိုင်ငံမှာတွေ့ရသော လင်းတ(၆)မျိုးမှာ လင်းတနှုတ်သီးရှည်၊ လင်းတကျောဖြူ၊ လင်းတခေါင်းနီ၊ ဟိမဝန္တာလင်းတ၊ လင်းတဖြူနှင့် လင်းတမဲတို့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ လင်းတများကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်တို့တွင် တွေ့ရှိရသော်လည်း အကောင်ရေ တဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီး ၊ယခုအခါ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်သာ တွေ့ရှိရပါတော့တယ်၊ လင်းတများဟာ ပတ်ဝန်းကျင်ရှိ အသေကောင်များနှင့် အခြားသော အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်းဖြင့် အရေးကြီးသော ဂေဟစနစ်ဝန်ဆောင်မှုများကို ပေးနေသည့် ငှက်များလည်းဖြစ်ကြပါတယ်၊ သဘာဝတရားကြီးကိုလည်း အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသူများ ‘Nature’s Clean-Up Crew’ ဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်၊ […]
