“တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) ရောက်ရင် ဘယ်လိုလျှောက်လည်ကြမလဲ”
ပထမဆုံး ဥယျာဉ်ဝင်ပေါက်ဂိတ်ကို ဖြတ်လာပြီးရင် ကားရပ်နားကွင်းကိုရောက်မှာဖြစ်ပြီး ဧည့်သည်များစီးနင်းလာတဲ့ ကား၊ ဆိုင်ကယ်များကို ကားရပ်နားကွင်းမှာ ရပ်နားထားနိုင်ပါတယ်။ 🛵🚗🚙
လူဝင်ကြေးလက်မှတ်ဝယ်ယူရန်အတွက် ပလာဇာမှာ လက်မှတ်ဝယ်ယူရမှာဖြစ်ပါတယ်။ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ဟာ (၄၁၆.၈၉)ဧက ကျယ်ဝန်းလှတာကြောင့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ခြေလျင်လမ်းမလျှောက်ချင်သူများအတွက် Buggy လေးတွေ စီစဉ်ထားရှိပြီး Buggy ငှားရမ်းချင်တယ်ဆိုရင်တော့ Buggy Gateမှာ လက်မှတ်ဝယ်ယူ၍ စီးနင်းနိုင်မှာဖြစ်ပါတယ်။ 🎫🎟️🛺
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကိုရောက်လာပြီးဆိုရင်တော့ တောရိုင်းတိရစ္ဆာန်များရဲ့ တောတွင်းသဘာဝအမူအကျင့်များနဲ့ သူတို့ရဲ့ ချစ်စရာအမူအရာလေးတွေကို လေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။🐅🦒🦌
ကဲ…ဒါဆိုရင်….Buggy စီးပြီး တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အတွင်းက တိရစ္ဆာန်လေးတွေကို အစာကျွေးရင်း ကြည့်ရှုအပန်းဖြေ လည်ပတ်နိုင်တာမို့ မိသားစုသူငယ်ချင်းများနဲ့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗