ဆတ်ကျွဲငယ် (Common Wildebeest)
မြန်မာအမည်-ဆတ်ကျွဲငယ်
အင်္ဂလိပ်အမည်-Common Wildebeest or Blue Wildebeest
သိပ္ပံအမည်-Connochaetes taurinus
ဆတ်ကျွဲငယ်များသည် ကျွဲ၊ နွားအုပ်စုဝင် တိရစ္ဆာန်များ ဖြစ်ကြပြီး ကျယ်ပြန့်သော လက်ပြင်၊ ဦးချို(ဂျို)နှင့် ကြီးမားကျယ်ပြန့်သည့် နှုတ်သီးများ ပါရှိပါတယ်။ ဦးချို(ဂျို)များသည် အကာအကွယ်မရှိ ကွင်းခတ်ထားသောပုံစံရှိပြီး အထီးများသည် အမများ၏ဦးချို(ဂျို)ထက် ပိုမိုတုတ်ခိုင်ထူထဲပါတယ်။ ဆတ်ကျွဲများတွင် တုပ၍မရသော အနက်ရောင် ဒေါင်လိုက်အစင်းကြောင်းများသည် လက်ပြင်တစ်လျှောက်မှ ဝမ်းဗိုက်နောက်ပိုင်းအထိ ပါရှိပါတယ်။ ယေဘူယျအားဖြင့် ဆတ်ကျွဲများတွင် အဖြူမှ အညိုရင့်ရောင် လည်ဆံမွေးနှင့် မုတ်ဆိတ်မွေးများပါရှိပါတယ်။ ခန္ဓာကိုယ်ပေါ်တွင် ပြာလဲ့လဲ့အရောင်များပြေးနေသည့်အတွက် အပြာရောင်ဆတ်ကျွဲ (Blue Wildebeest) ဟု လည်း ခေါ်ဆိုကြပါတယ်။
ဆတ်ကျွဲများသည် မြက်ကိုသာ အဓိကစားသုံးကြပြီး အသီးအရွက်စား သတ္တဝါဖြစ်ပါတယ်။ အစာရေစာရှားပါးလာသည့်အခါ အစာရရှိနိုင်သည့် နေရာများဆီသို့ ကီလိုမီတာရာနှင့်ချီ သွား‌၍ ရှာဖွေစားသောက်တတ်ပါတယ်။ တစ်နှစ်လျှင်တစ်ကြိမ်သားပေါက်ပြီး တစ်ကောင်သာမွေးပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း(၂၀)ခန့်ထိ နေထိုင်နိုင်ပါတယ်။
တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)မှာ
နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ရေနေသတ္တဝါများနှင့် ကျေးငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက် ပြသထားရှိပါတယ်။ သူငယ်ချင်း၊ မိသားစုများနှင့်အတူ အနားယူအပန်းဖြေလည်ပတ်နိုင်ဖို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ကို လာရောက်လည်ပတ်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါတယ်။🤗🤗🤗