“ဆောင်းခိုငှက် သို့မဟုတ် ရွှေ့ပြောင်းငှက် ဆိုသည်မှာ…..”
🇲🇲မြန်မာနိုင်ငံတွင် အမြဲကျက်စားနေထိုင်ခြင်းမရှိဘဲ အခြားနိုင်ငံများမှ ဆောင်းတွင်းအခါမှသာ မြန်မာနိုင်ငံသို့ လာရောက်ရွှေ့ပြောင်းကျက်စားသော ငှက်မျိုးစိတ်များဖြစ်ပါတယ်။🦆
❄️ဆောင်းခိုခြင်း (သို့မဟုတ်) ရာသီအလိုက်ပြောင်းရွှေ့ကျက်စားရခြင်း အကြောင်းအရင်းမှာ ကမ္ဘာ့မြောက်ခြမ်းဒေသများတွင် ပေါက်ဖွား ကျက်စားသောငှက်များသည် ဆောင်းရာသီရောက်သောအခါ အအေးဓာတ်လွန်ကဲခြင်းနှင့် အစာရေစာရှားပါးခြင်းကြောင့် ပိုမိုပူနွေးပြီး အစာရေစာပေါများသော ကမ္ဘာ့တောင်ခြမ်းဒေသများသို့ ၎င်းတို့၏ ပျံသန်းရာ လမ်းကြောင်းအတိုင်း နှစ်စဉ်ပုံမှန် ပျံသန်းကျက်စားကြပါတယ်။🦅
🦩ဆောင်းခိုငှက်များကို လေ့လာချင်ပါက တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) သို့ လာရောက်ကြည့်ရှုနိုင်ပြီး အခြားဆန်းပြားလှပတဲ့ ငှက်မျိုးစိတ်များသာမက ရှားပါးထူးဆန်းတဲ့ တောရိုင်းတိရစ္ဆာန်များကိုလည်း ပြသထားတာကြောင့် လာရောက်လေ့လာ အပန်းဖြေလည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🤗