🪶 ကမ္ဘာ့ကစ္စဆိုဝါရီငှက်များနေ့ (World Cassowary Day) 🪶
🪶 ကစ္စဆိုဝါရီ (Cassowary) ဆိုတာအရွယ်အစားကြီးမားပြီး အရောင်အသွေးတောက်ပကာ ဒိုင်နိုဆောခြေထောက်ကဲ့သို့သန်မာလှသည့် ခြေထောက်များရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်၊
🪶 ခန္ဓာကိုယ်မှာ တောက်ပသော အနက်ရောင်အမွေးများရှိပြီး ဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိပါတယ်၊ လည်ပင်းဟာခရမ်းရောင် (သို့) အပြာရောင်ရှိပြီး ရှည်လျား၍ တွဲလောင်း ကျနေသော အနီရောင်အရေပြားချပ် (Red wattles) ပါရှိပါတယ်၊ ခြေထောက်တွင် ခြေချောင်း (၃) ချောင်းသာပါကာ ခြေချောင်းများတွင် ရှည်လျှားသော ခြေသဲချွန်များပါရှိပါတယ်၊
🪶 အမများက ဥဥ၊ အထီးတွေကဥဝပ်ပြီး ၊ ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ပြီး အစာ ရှာဖွေနိုင်သည့်အထိ အထီးများ ကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ ရှိကြပါတယ်၊
🪶 ကစ္စဆိုဝါရီငှက်များဟာ အကြောင်းအရင်းမရှိဘဲ အန္တရာယ်ပြုတိုက်ခိုက်လေ့မရှိသော်လည်း ယင်းတို့၏ ကလေးငယ်များနှင့် အစာစားနေချိန်တွင် တစ်စုံတစ်ယောက်မှ အန္တရာယ်ပြုနိုင်သည်ဟု ထင်မြင် ယူဆလျင် ကလေးများကိုကာကွယ်ရန် ယင်းတို့၏ သန်မာသည့်ခြေထောက်ကိုအသုံးပြု၍ လူကို သေစေနိုင်သည့်အထိ တိုက်ခိုက်တတ်ပါတယ်၊
🪶 ကစ္စဆိုဝါရီငှက်များဟာ မိုးသစ်တောများတွင် ပေါက်ရောက်သည့် အပင်မျိုးစိတ်ပေါင်း (၂၄၀) ကျော်အား စားသုံးပြီး ဝေးလံသည့် နေရာများတွင် အစေ့များ စွန့်ထုတ်ခြင်းဖြင့် အပင်သစ်များ ပေါက်ရောက်စေသဖြင့် ကစ္စဆိုဝါရီငှက်များသည် မိုးသစ်တောများအတွက်သဘာဝဥယျာဉ်မှူးအဖြစ် အရေးကြီးသော အခန်းမှ ပါဝင်ပါသည်။
🪶 ကစ္စဆိုဝါရီငှက်များကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN Red List တွင် VU-Vulnerable “မျိုးသုန်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်” အဖြစ်သတ်မှတ်ထားပါတယ်။